အင်ဒိုနီးရှားနိုင်ငံ၌ ငါးဖမ်းလှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး၊ ရှစ်ဦးပျောက်ဆုံး

မတ် ၂၂

 

အင်ဒိုနီးရှားနိုင်ငံ နူဆာတန်ဂါရာပြည်နယ်အရှေ့ဘက် ပူလူပါဆာအနီး နိုင်ငံပိုင်ရေပိုင်နက်တွင်  တနင်္ဂနွေနေ့ညနေပိုင်းက လူ ၁၂ ဦးတင်ဆောင်လာသော သစ်သားငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားသော ရှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

 

အဆိုပါငါးဖမ်းလှေမတော်တဆမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးသွားသော ငါးဖမ်းသမားကိုးဦး အနက်တစ်ဦးဖြစ်ဖွယ်ရှိသည့် ရုပ်အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်၏ ပင်မရေတပ် အခြေစိုက်စခန်းမှူး ဟာရီဘာတတ်ယုဒ်ဟိုဝါဆိုနိုက ယမန်နေ့က ပြောကြားသည်။

 

ဩစတြေးလျအာဏာပိုင်များက လမ်းကြောင်းပြောင်းသွားသည့် စင်ကာပူအလံတင်သင်္ဘောကြီးမှငါးဖမ်းသမားသုံးဦးကို အစောပိုင်းက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်။

 

ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူရှစ်ဦးကို ရှာဖွေမှုများဆက်လက် လုပ်ဆောင်လျက်ရှိသည်။

 

ကျွန်းပေါင်း ၁၇၀၀၀ ခန့်ရှိသောအင်ဒိုနီးရှားနိုင်ငံတွင် လှေမတော်တဆမှုများ အများအားဖြင့် ဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို