အင်ဒိုနီးရှားနိုင်ငံတွင် အီဘူမီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ဂျကာတာ ဧပြီ ၂၉

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပြည်နယ် မြောက်မာလူကူ ပြည်နယ် ဟယ်မာဟီရာကျွန်းပေါ်ရှိ အီဘူမီးတောင်သည် ဧပြီ ၂၈ ရက် အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံ၏ မီးတောင် နှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ် လျော့ပါးရေး ဗဟိုဌာနက ပြောသည်။

အဆိုပါမီးတောင်သည် ဒေသစံတော်ချိန် နံနက် ၀၀.၃၇ နာရီ တွင် ၂၆၀ စက္ကန့်ခန့် ပေါက်ကွဲခဲ့ပြီး တောင်ထွတ်အထက် မီတာ ၃၅၀၀ အထိ ပြာများလွင့်စဉ်သွားခဲ့ကြောင်း မီးတောင်နှင့်ဘူမိဗေဒ ဆိုင်ရာ အန္တရာယ်လျော့ပါးရေး ဗဟိုဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၃၂၅ မီတာတွင်ရှိသည့် အဆိုပါမီးတောင်မှာ ဒုတိယအဆင့်  အန္တရာယ်အကြီးဆုံး မီးတောင်ဟု သတ်မှတ်ထားသည်။

မီတောင်ဝမှ ၃ ဒသမ ၅ ကီလို မီတာအတွင်း အများပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုကြရန် ပြည်သူများကို တောင်းဆိုထားသည်။ ပစိဖိတ်မီးကွင်းပေါ်တွင် တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မီးတောင် အများဆုံးရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

ဆင်ဟွာ