အင်ဒိုနီးရှားတွင် အကြမ်းဖက်သံသယရှိသူ လေးဦး ဖမ်းဆီးခံရ

၆ အောက်တိုဘာ

 

အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့သည် အယ်လ်ကေးဒါးနှင့်ဆက်နွယ်သည့် စစ်သွေးကြွအဖွဲ့ Jemaah Islamiyah(JI)ထံ ဆက်သွယ်သည်ဟု သံသယရှိသူ အကြမ်းဖက်သမားများကို ဖမ်းဆီးခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယုဝိုနိုက ဂျကာတာမြို့တော်အရှေ့ဘက်နယ်စပ်ရှိ ဘီကာစီမြို့အပါအဝင် အနောက်ဂျာဗားပြည်နယ်တွင် ၎င်းသံသယရှိသူများကို သီးခြားဖမ်းဆီးထားကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ၎င်းတို့အားဖမ်းဆီးရာ၌ ဂျီဟတ်ဝါဒများနှင့် ပတ်သက်သည့်စာအုပ်များနှင့်  လက်လုပ်သေနတ်များနှင့် ချွန်ထက်သောလက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။

 

လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သော ၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးပေါက်ကွဲမှု နောက်ကွယ်တွင် အင်ဒိုနီးရှားအခြေစိုက် အစွန်းရောက် Jemaah Islamiyah(JI) အုပ်စုရှိနေခဲ့သည်။

 

၎င်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၁၈ ခုနှစ်က ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို