အင်ဒိုနီးရှားတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးအထိ ရှိလာ

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူဝါပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးမှုနှင့်မြေပြိုမှုများဖြစ် ပွားရာ လူ ၇၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ တာဝန်ရှိသူများက ပြောကြားသည်။

 

mdn

 

ပါပူဝါပြည်နယ်မြို့တော် ဂျာယာပူရာမြို့နှင့် ပတ်ဝန်းကျင်နယ်မြေတွင် စနေနေ့က ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ 

 

ဗွီဒီယိုဖိုင်တွင် ရေနှင့်ရွံ့နွံ့များထဲတွင် နစ်မြုပ်လျက်ရှိသော လူနေအိမ်များကို ပြသနေသည်။

 

လူပေါင်း ၄၀ဝ၀ ခန့်ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်များက ပြောကြားသည်။

 

mdn


စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကလည်း ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိပြီး သေဆုံးသူအရေအတွက်မှာ ဆက်လက် တိုးမြှင့်လာနိုင်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါ ရေကြီးမှုများမှာ မိုးရာသီကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလအတွင်းကလည်း ဆူလာဝေစီ ကျွန်းတွင် မိုးရေကြီးမှုကြောင့် လူပေါင်း ၅၀ကျော် သေဆုံးခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်