အင်္ဂလန်နိုင်ငံမှာ ဗြိတိသျှယဉ်ကျေးမှုအရ အရေးပါတဲ့ (Pub) တွေ ပြန်ဖွင့်ပြီ

လန်ဒန်  ၅  ဇူလိုင်

အင်္ဂလန်နိုင်ငံက မတ်လကုန်ပိုင်းကစပြီး ပိတ်ခဲ့တဲ့ (pub) တွေကို စနေနေ့ကစပြီး ပြန်ဖွင့်ခွင့် ပေးလိုက်ပြီဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်  ပြန်လည်ကူးစက်မှာတော့ စိုးရိမ်မှုကလည်း ရှိနေပါတယ်။

 

ဗြိတိန်နိုင်ငံရဲ့ သုံးလကျော်ပိတ်ထားတဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရေး အထောက်အကူဖြစ်သလို ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ရန် အစပျိုးတဲ့အနေနဲ့ အခုလိုဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

 

စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေ၊ စာကြည်တိုက်တွေနဲ့  ဆံပင်အလှပြင်ဆိုင်တွေ ကလည်း  ဝန်ဆောင်မှု ပြန်လည် ပေးနေသလို ဟိုတယ်တွေ၊ B&B ၊ ကိုယ်ပိုင်တဲထိုးပြီး အပန်းဖြေနိုင်တဲ့ စခန်းပါ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

 

ရာစုနှစ်နဲ့ချီပြီး ဗြိတိသျှယဉ်ကျေးမှုမှာ အရေးပါနေတဲ့ Pub တွေ ပြန်ဖွင့်လာခြင်းဟာ သမိုင်းဝင်တဲ့ နေ့လို ခံစားရကြောင်း City Pub Group တည်ထောင်သူ ကလစ်ဝတ်ဆင်က ပြောပါတယ်။ City Pub Group ဟာ အင်္ဂလန် နဲ့ ဝေးလ်မှာ ပတ်ဆိုင်ပေါင်း ၄၇ ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

 

အင်္ဂလန် အတွင်းမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းသော Pub ပေါင်း ၂၈,၀၀၀ ဟာ မနေ့က ပြန်လည်ဖွင့် လိုက်ပြီ ဖြစ်ပါတယ်။ Pub တွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ရန် အချိန် အနည်းဆုံး ၁၂ လလောက် လိုအပ်ကြောင်း ဗြိတိသျှ ဘီယာနဲ့ပတ် အဖွဲ့အစည်းက ခန့်မှန်း ပြောဆိုပါတယ်။

 

ဝေးလ်မှာရှိတဲ့ Pub တွေကတော့ ဇူလိုင် ၁၃ ရက်နေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပြီး စကော့တလန်ရှိ Pub တွေကတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

MDN

ကိုးကား - AFP