အင်းရိုးရာ ခေါက်ချပ်သုပ်

ပရိုသီး

 

ယခုလို နွေရာသီကျောင်းပိတ်ရက် နေ့လယ်လိုအချိန်မျိုးတွင် ကလေးများ အတွက် မုန့်ပဲသရေစာအဖြစ်လည်းကောင်း၊ လူကြီးအတွက် ရေနွေးကြမ်းအမြည်းအဖြစ်လည်းကောင်း ကိုယ့်လူမျိုးတို့၏ ရိုးရာမုန့်များ ကို ခုံမင်စွာ စားသုံးလေ့ရှိကြသည်။

 

ငယ်စဉ်ကလေးဘဝကပင် ယဉ်ကျေးမှု ဓလေ့ရိုးရာတို့နဲ့အတူ ကြီးပြင်းလာတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ရိုးရာမုန့် တွေနဲ့ အမြဲအတူရှိတာကလည်း မဆန်းလှ ပေ။ အဲဒီအထဲကမှ ကျွန်တော်တို့ ငယ်ငယ်က စားခဲ့ဖူးတဲ့ အင်းရိုးရာခေါက်ချပ်မုန့်ကို သတိရ မိပါတယ်။ အင်းရိုးရာခေါက်ချပ်ဟာ ရှမ်းဆန် ကို မပျစ်မကျဲကြိတ်ယူရပြီး ဆူပွက်နေသည့် ရေဆူအိုးပေါ်တွင် ပိတ်ပါးစအုပ်ကာ မုန့်ရည် လောင်း၍ ပုံသွင်းပြီး ရေနွေးငွေ့ဖြင့် ကျက်စေ တဲ့ ခေါက်ချပ်လေးတွေကို သက်ငယ်ပျစ်ပေါ် တွင် နေလှန်းအခြောက်ခံထားရပါတယ်။ ခေါက်ချပ်အခြောက်လေးကို မိုးဗြဲဒယ်ထဲ ချောင်းသဲထည့်ကာ မီးဖြင့်အပူပေး၍ ¤င်းကို လှော်ရပါတယ်။ ထိုအခါအသင့်စားသုံးနိုင်တဲ့ ရှမ်းခေါက်ချပ်ကို ရပါတယ်။ ရိုးရာခေါက်ချပ်မှာ ရိုးရိုး ၊ နှမ်း၊ ပုစွန်နှင့် နံနံပင်ခေါက်ချပ်ဟူ၍ အမျိုးမျိုးပြုလုပ်စားသုံးကြပါတယ်။ နေရောင် နဲ့ အခြောက်လှန်းရတာမို့ နွေရာသီမှသာ လုပ်ကိုင်ကြပြီး ဒေသအစားအစာအဖြစ် ခေါက်ချပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင် ရောင်းချကြကြောင်းကိုလည်း သိရပါတယ်။

 

ကျွန်တော်ငယ်စဉ်က အင်းရိုးရာ ခေါက်ချပ်မုန့်ကို အဘွားက ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့နဲ့ အသုပ် သုပ်ကာ ရေနွေး ကြမ်းဖြင့် မြည်းလေ့ရှိပါတယ်။ ခရီးချဉ်သီးက နွေရာသီနဲ့ လိုက်ဘက်ညီတာမို့ ပူပြင်းတဲ့ နွေရာသီမှာ စားသုံးခြင်းဖြင့် ဝမ်းကိုအေးစေပါ တယ်။ ဒါကြောင့် ရိုးရှင်းလှတဲ့ အင်းရိုးရာ ခေါက်ချပ်သုပ်ကို တင်ပြပေးချင်ပါတယ်။ စာဖတ်သူတို့လည်း ငယ်ဘဝကို နွေရာသီနဲ့အတူ ငယ်စဉ်ကရိုးရာမုန့်တွေကို ပြန်လွမ်းရင်း အင်းရိုးရာခေါက်ချပ်သုပ်ကို နှစ်သက်ကြမယ့် လို့ ထင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

 

ခေါက်ချပ် - တစ်တွဲ

 

ခရမ်းချဉ်သီး - နှစ်လုံး

 

ကြက်သွန်နီ - အကြီးတစ်လုံး

 

မြေပဲဆီ - နှစ်ဇွန်း

 

ဆား၊ ဟင်းခတ်မှုန့် - အနည်းငယ်

 

ပြုလုပ်နည်း

 

ခရမ်းချဉ်သီး မမှည့်တမှည့်ကို ရေဆေးပြီး အစေ့ထုတ်ကာ ပါးပါးလှီးထားပါ။ တစ်ဆက် တည်း ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးလှီး ကာ သန့်စင်အောင်ရေဆေးပါ။ စောစောက ပါးပါးလှီထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီ၊ ခေါက်ချပ်ကို ချိုး၍ အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ မြေပဲဆီ ထမင်းစားဇွန်း နှစ်ဇွန်း၊ အားလုံးကိုရော၍ သမအောင်ဖွဖွလေး ရောနယ်သုပ်ပေးပါ။ အရသာမြည်းစမ်း ပြီးရင်တော့ ရိုးရှင်းပြီး ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်တဲ့ ရေနွေးကြမ်း အမြည်း ဖြစ်တဲ့ ခေါက်ချပ်သုပ်ကို သုံးဆောင်လို့ ရပါပြီ။ ။

 

2