အင်းတော်မြို့နယ်တွင် ဆိုင်ကယ်နှင့်ယာဉ်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါသူ ဒဏ်ရာရရှိ

အင်းတော်  ၁၃  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း၊ အိုက်မကျေးရွာ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် အင်းတော်မြို့နယ်၊ ပိန္နဲကုန်းတံတားရဲကင်းမှ ဒုရဲအုပ်ဖြိုးသူကျော် ဦးစီးသောအဖွဲ့သည်ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများ နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ထီးချိုင့်မြို့နယ်၊ ကျွန်းပင်သာကျေးရွာနေ သိန်းအေး ဆိုသူမောင်းနှင်ပြီး နောက်မှ ဦးကျော်တင့် လိုက်ပါလာသော ဆိုင်ကယ်သည် ယာဉ်ကြော မှားပြီး မျက်နှာချင်းဆိုင်မှ တပ်ကြပ်တင်အုန်း မောင်းနှင်လာသော လုပ်ငန်းသုံးယာဉ်အား ဝင်ရောက် တိုက်မိရာ ဆိုင်ကယ်မောင်သူ သိန်းအေးနှင့် ဆိုင်ကယ်နောက်ထိုင်၍ လိုက်ပါလာသူ ဦးကျော်တင့်တို့တွင် ဒဏ်ရာများရရှိသွားသဖြင့် (စိုးရိမ်ရ)အင်းတော်ဆေးရုံသို့ပို့အပ်ထားပြီး ၎င်းအမှုအား အင်းတော်မြို့မ ရဲစခန်းမှ ယာဉ်စည်းကမ်းဥပေဒအရ အရေးယူဆာင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)