အင်းတော်မြို့နယ်တွင် ဆင်ဦးစီးတစ်ဦး ဆင်းနင်းခံရသဖြင့် သေဆုံး

အင်းတော် ၃  သြဂုတ်

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကလုံကြိုးဝိုင်းအတွင်း၌ ဆင်ဦးစီးတစ်ဦး ဆင်နင်းခံရသဖြင့် သေဆုံသွားကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ သြဂုတ် ၂ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် အင်းတော်မြို့နယ်မြို့မ ရဲစခန်းမှူးဒုရဲမှူးမြင့်အောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် လူတစ်ဦးဆင်နင်းသဖြင့် သေဆုံးသွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အင်းတော်မြို့နယ်၊ ကလုံကြိုးဝိုင်းအတွင်းရှိအကွက်အမှတ်(၁၉)နေရာတွင် နေထိုင်သူ ဆင်ဦးစီး ဦးမောင်ငယ်မှာ ၎င်းဦးစီးရသည့် အမြင့် ၈ ပေ၊ ၅ လက်မ၊ အသက် ၃၇ နှစ်အရွယ် "ခိုင်ကြည်" အမည်ရှိ ဆင်ထီးက  မုန်ယိုပြီး ခြေထောက်ဖြင့် နင်းကာအစွယ်ဖြင့်ထိုးသတ်သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

လူအောင်(ကသာ)