အင်းတော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး

အင်းတော် ၉ နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း၊ နန့်မကျိုင်းကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်  ည ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် အင်းတော်မြို့နယ်၊ နဘားနယ်မြေ ရဲကင်းစခန်းမှူး ဒုရဲအုပ်မျိုးသက်နိုင် ဦးစီးသောအဖွဲ့သည် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရသက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သက်သေများနှင့် သွားရောက်ကြည့်ရှု စစ်ဆေးရာ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း မိုင်တိုင်အမှတ် ၁၅၃/ဝ နှင့် ၁၅၃/၁ ကြား၊ နန့်မကျိုင်းကျေးရွာအနီးတွင် အင်းတော်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ မဝင်းထိန် မောင်းနှင်ပြီး မခင်မာဝင်း လိုက်ပါလာသော ဆိုင်ကယ်နှင့် ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်နေ ကျော်နိုင် မောင်းနှင်ခဲ့သော ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ မဝင်းထိန်ဆိုသူမှာ ရရှိသောဒဏ်ရာဖြင့် အင်းတော်ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ကျော်နိုင် နှင့် မဝင်းထိန်တို့နှစ်ဦးအား အင်းတော်မြို့မရဲစခန်းမှ ယာဉ်စည်ကမ်းဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)