အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် စက်ယန္တရား ၂၀ဝ နီးပါးနှင့် လုပ်သားဦးရေ ၁၅၀ဝ ခန့်တို့ဖြင့် အကောင်အထည်ဖော်လျက်ရှိ

မောင်တော ၆ ဖေဖော်ဝါရီ

ဒီနှစ်ထဲမှာ မိုင် ၂၀ ကျော်လောက်ပြီးအောင် လုပ်ဖို့စီစဉ်ထားပြီး လုပ်ငန်းခွင်မှာ စက်ယန္တရား ၂၀ဝ နီးပါးနဲ့ လုပ်သားဦးရေ ၁၅၀ဝ ခန့်နဲ့ အကောင်အထည်ဖော်လျက် ရှိပါတယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် အေးရှားဝေါလ်ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးနေလင်းက ပြောသည်။

 

 

“ဒီလမ်းစီမံကိန်းဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ အေးရှားဝေါလ် ဖောင်ဒေးရှင်းအနေနဲ့ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်းပိုင်းမှာ ဒီလမ်းတည်ဆောက်ခြင်း အပိုင်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ အရင်က ဒီလမ်းက ၁၂ ပေအကျယ် ကျောက်ခင်းလမ်းဖြစ်ပါတယ်၊ အရင်က ကားတွေသွားလာရင် ၄ နာရီလောက်သွားရတယ်၊ လုပ်ငန်းအချိန်မီပြီးစီးဖို့အတွက် ယန္တရားတွေ ပံ့ပိုးသလို လူအင်အားကိုလည်း နေ့၊ ညလုပ်ဖို့ စီစဉ်ထားပါတယ်၊ ဒီနှစ်ထဲမှာ မိုင် ၂၀ ကျော်လောက်ပြီးအောင် လုပ်ဖို့ စီစဉ်ထားပါတယ်၊ လုပ်ငန်းခွင်မှာ စက်ယန္တရား ၂၀ဝ နီးပါးနဲ့ လုပ်သားဦးရေ ၁၅၀ဝ ခန့်နဲ့ အကောင်အထည်ဖော်လျက်ရှိပါတယ်၊ လမ်းရဲ့ခံနိုင်ရည်အားက တန် ၃၀ ကျော်မှန်းထားပါတယ်၊ ကုန်စည်စီးဆင်းမှုအနေနဲ့ ဒီဘက်မှာ အခုလောလောဆယ် ကားကြီးတွေတော့ မရှိသေးပါဘူး”ဟု ဦးနေလင်းက ပြောသည်။

MDN