အနက်ရောင်ဝတ်စုံနှင့် ဟောလိဝုဒ်သရုပ်ဆောင်များ

၂၀ ဖေဖော်ဝါရီ

 

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန် ရွိုင်ယဲလ်အဲဗာ့ထ်ခန်းမမှာ ကျင်းပခဲ့တဲ့ ယခုနှစ်ရဲ့ ဗြိတိန် အကယ်ဒမီ ပေးပွဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်ပေါင်းများစွာဟာ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်တက်ရောက် ခဲ့ကြပါတယ်။ ဒီလိုအနက်ရောင်ကိုသာ ဝတ်ဆင်ခဲ့ရတာကတော့ “Time’s Up” လှုပ်ရှားမှုကို ထောက်ခံတာကြောင့်ဖြစ်ပြီး ဒီလှုပ်ရှားမှုဟာ အနုပညာရပ်ဝန်းမှာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေး ရရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ခဲ့ကြတဲ့ မင်းသမီး ဂျနီဖာလောရန့်စ်၊ လူပီတာညောင်အို၊ အန်ဂျလီနာဂျိုလီ၊ အဲလစ်ဆင်ဂျဲန်းနီတို့ ကော်ဇောနီပေါ် လျှောက်လှမ်း ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

 

 

အေးပြည့်