အွန်လိုင်းတွင် ဒီဘဝ သီချင်းအား လွှင့်တင်ခြင်းအပြင် တစ်ကိုယ်တော်အခွေအတွက် အလှမယ်ခြူးစစ်ဟန် စိတ်လှုပ်ရှား

Face Of Beauty  Myanmar 2015 ဆုရှင်        အလှမယ် သရုပ်ဆောင် ခြူးစစ်ဟန်သည် တစ်ကိုယ်တော် တေးအယ်လ်ဘမ်အတွက် တေးသီချင်းများ စုစည်းနေသည့်အပြင် အမ်တီဗီကိုပါ ပရိသတ်ကို ချပြသွားရန် ကြိုးပမ်းနေကြောင်း သိရသည်။

အဆိုပါ သီချင်းခွေတွင် သီချင်း ၁၀ပုဒ် ပါဝင်မည်ဖြစ်ပြီး တေးရေးအနေဖြင့် အောင်မြင့်မြတ်(အိမ်မက်ဆုံရာ) က ရေးသား ပေးထားကာ ပေါ့ပ်၊ အာအင်န်ဘီ ၊ပေါ့ပ်ရော့ခ်၊ စလိုးရော့ခ် စသည့်မြူးဇစ်များ ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ခြူးစစ်ဟန်သည် ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲများ ရိုက်ကူးနေလျှက်ရှိပြီး အဆိုပိုင်းထက် သရုပ်ဆောင်ပိုင်းအား ပိုအားသန်ကြောင်း သိရသည်။

mdn

“ကိုယ်တိုင်ကလည်း သီချင်းအေးအေးလေးတွေကို ကြိုက်တော့ ကိုယ့်စီးရီးအတွက်လည်း ပေါပ့်သီချင်းလေး တွေကိုပဲ ရွေးချယ်ဖြစ်ခဲ့တယ်။ အဆိုပိုင်းမှာ အားနည်းချက်တွေရှိတာကိုတော့် နားလည်ပေးဖို့ ပရိသတ်ကြီးကို တောင်းဆိုလိုပါတယ်”ဟု ခြူးစစ်ဟန်ကပြောသည်။

 “ဒီဘဝ”သီချင်းလေးကို အွန်လိုင်းမှာလည်း ပရိသတ်အတွက် အမ်တီဗီလေးရိုက်ပြီး လက်ဆောင်အဖြစ် တင်ထားတယ်။ ဒီသီချင်းကို ပရိသတ်အားပေးလို့ ကျေးဇူးတင်ပါတယ်”ဟု သူကဆက်လက်ပြောကြားသည်။ 

ကိုလင်း