အန္နဝါ မလေးရှားကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ်

၁၄ စက်တင်ဘာ

မလေးရှားနိုင်ငံက ထင်ရှားနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အန္နဝါ အီဘရာဟန်ဟာ အကျဉ်းထောင်ကနေ ထွက်လာပြီး နောက်ပိုင်း နိုင်ငံရဲ့ ထိပ်တန်းခါင်းဆောင်ရာထူးရရှိဖို့ တစ်ဆင့် နီးကပ်လာရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုပြောကြားပါတယ်။ 

လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အန္နဝါရဲ့ ပါတီကို ဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ နာဂျစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ မဟာသီယာက လာမယ့်နှစ် နှစ်အတွင်း အန္နဝါကို အာဏာလွှဲမယ်လို့ ဆိုခဲ့ဖူးပါတယ်။ 

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ အန္နဝါဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေလ ရွေးကောက်ပွဲအပြီးမှာ လွတ်မြောက် လာတာဖြစ်ပါတယ်။ သူဟာ မဟာသီယာရဲ့ ရာထူးကို ဆက်ခံနိုင်ဖို့ဆိုရင် လွှတ်တော်မတ်အဖြစ် ရွေးကောက်ခံရမှာ ဖြစ်ပါတယ်။ 

ကွာလာလမ်ပူရဲ့ တောင်ဘက်ပိုင်းရှိ ပေါ့ ဒစ်ဆင် (Port Dickson) မဲဆန္ဒနယ်မှာ ကနေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရက်ကြေညာခြင်း မရှိသေးပေမယ့် လာမယ့် လ အနည်းအငယ်အတွင်းမှာဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ 

MDN
ကိုးကား- AFP