သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ရှိသည့်လက္ခဏာများ
(၁) ခန္ဓာကိုယ်တွင်းသွေးယိုထွက်သောလက္ခဏာများ
- အစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုခြင်းကြောင့်ကော်ဖီရောင်၊ အညိုရောင်အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊
- အရေပြားသွေးယိုခြင်းကြောင့်သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း၊
(၂) သွေးလန့်သည့် လက္ခဏာများ
- ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက် မြောက်တွင် ဖြစ်တတ်ပါသည်။)
- ခြေဖျား၊ လက်ဖျားများအလွန်အမင်းအေးစက်ခြင်း၊
- ရုတ်တရက် ဗိုက်အောင့်လာခြင်း၊
- အစာ/ရေမဝင်နိုင်လောက်အောင် အဆက်အပြတ်အန်ခြင်း၊
- ဂနာမငြိမ်ဖြစ်ခြင်း(သို့) အလွန်မှိန်းလာခြင်း၊
အန္တရာယ်ရှိသည့်လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါရန် နှိုးဆော်အပ်ပါသည်။ |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန