အဖွဲ့အစည်းရှစ်ခုသို့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အလှူငွေ လှူဒါန်းခဲ့တဲ့ လီမင်ဟို

၃  မတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်သူ လီမင်ဟိုဟာ ဒေသတွင်းမှာ လတ်တလော ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ကိုရီးယားဝမ်သန်း ၃၀၀ ကို အဖွဲ့အစည်း ရှစ်ခုထံ လှူဒါန်းပေးခဲ့ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အခြားသော အနုပညာရှင်တွေ များစွာကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ရာ အလှူငွေတွေ လှူဒါန်းပါဝင်ခဲ့ကြပါတယ်။ လီမင်ဟိုကတော့ ဝမ်းသန်း ၃၀၀ ကို အဖွဲ့အစည်းရှစ်ခုထံ လှူဒါန်းခဲ့ရာမှာ အများစုဟာ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့တွေဖြစ်ကြောင်းလည်း သိရပါတယ်။ မင်းသားဟာ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေက ကလေးသူငယ်တွေကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ရာ ယခုလိုလှူဒါန်းခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်