အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းများတွင် အထူးဈေးရောင်းပွဲကျင်းပ

ရန်ကုန် ၄ ဇူလိုင်  

 

(၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းမြို့နယ် ဒေါပုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ သမဝါယမ အရောင်းဆိုင်များတွင် အထူးဈေးရောင်းပွဲ ကျင်းပရာ ဝယ်ယူသည့်ပစ္စည်းအပေါ် ၂ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း Discount ပေးခြင်း၊ အပိုလက်ဆောင်ပစ္စည်းများ ပေးခြင်းများဖြင့် ရောင်းချပေးလျက်ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန