အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ  ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူး ဩဝါဒကထာ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ  ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူး ဩဝါဒကထာ

 

ဘဝတု သဗ္ဗမင်္ဂလာ မင်္ဂလာရှိကြပါစေ၊ မင်္ဂလာရှိအောင်နေကြပါ။ ဆုပေးစကားနဲ့ အဆုံးအမစကားနှစ်မျိုးမှာ ဆုပေးစကားကို နှစ်သက်ကြသလို အဆုံးအမစကားကိုလည်း တန်ဖိုးထားကြပါ။ မင်္ဂလာရှိအောင်နေပါ။ မြတ်စွာဘုရားရဲ့ မင်္ဂလသုတ္တံ တရားတော်မှာ  မင်္ဂလာရှိအောင်နေဖို့ (၃၈)မျိုး မိန့်တော်မူခဲ့တယ်။ အဲဒီအထဲကမှ မာတာပိတု ဥပဋ္ဌာနံ မိဘကို ပြုစုလုပ်ကျွေး၊ မေတ္တာဆိုတာ မိခင်/အမေပါပဲ။ ပညာဆိုတာ ဖခင်/ ဆရာသမားလည်း ဟုတ်တယ်၊ ဖခင်လည်းဟုတ်တယ်၊ မိဘကို ပြုစုလုပ်ကျွေး၊ လောကမိဘကို ပြုစုစောင့်ရှောက်တာလည်း မင်္ဂလာရှိသလို မေတ္တာတရားလည်း မွေးမြူကြပါ၊ စောင့်ရှောက်ကြပါ။ အားလုံးအပေါ် မေတ္တာထားကြပါ။ ပညာဉာဏ်ကိုလည်း ရှာဖွေကြပါ။ တိုးပွားအောင်ကြိုးစားကြပါ။ မိမိသန္တာန်မှာ မေတ္တာ/ ပညာကို ပြုစုစောင့်ရှောက်ကြီးပွား တိုးတက်အောင် ဆောင်ရွက်သကဲ့သို့ လောက မိဘတွေကိုလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်တာဟာ အလွန်မင်္ဂလာရှိတဲ့ တရားပါပဲ။ မင်္ဂလာရှိအောင် နေနိုင်ကြပါစေကုန်သတည်း။