အပူဒဏ်အန္တရာယ်ခံစားရသောလူနာအားတွေ့ရှိပါက အောက်ပါအတိုင်း အရေးပေါ်ရှေးဦးပြုစုပါ။

နေပြည်တော် ၂ မေ

၁။ လူနာအား အရိပ်ရအေးမြသော နေရာ (သို့) လေပန်ကာ ရှိသောနေရာ (သို့) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။

၂။ လူနာအား နီးစပ်ရာ ဆေးရုံ/ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသောနေရာသို့ ပို့ဆောင်ပါ (သို့) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ/ ဆေးခန်းသို့ ပို့ဆောင်နေစဉ် (သို့) ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့်ပြသရန် စောင့်ဆိုင်းနေစဉ် အောက်ပါအချက်များအားဆောင်ရွက်ပါ။

၃။ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

၄။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

၅။ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး တိုက်ပေးပါ။

၆။ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။

၇။ လူနာ၏လည်ပင်း၊ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး(သို့) ရေခဲစိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။

၈။ လေပန်ကာ ရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

အထက်ဖော်ပြပါ အရေးပေါ် ရှေးဦးပြုစုခြင်းများအား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ဆေးခန်း/ကျန်းမားရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသ၍ ဆေးကုသမှုခံယူပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN