အပူပိုင်းဒေသ၏ ပူပြင်းသောရာသီဥတု၊ မိုးခေါင်ရေရှားမှုနှင့် မြေအမျိုးအစား ညံ့မှုများကြားက စိုက်ခင်းအတွေ့အကြုံများနှင့် သုတေသနရလာဒ်များ ပေါင်းစပ်၍ စိုက်ခင်းများကို အောင်မြင်အောင် စိုက်ပျိုးတည်ထောင်

နေပြည်တော် စက်တင်ဘာ ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၌ တိုင်းဒေသကြီး အတွင်းရှိ သစ်တောနှင့် သတ္တုကဏ္ဍတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေဝင်နည်းခြင်းနှင့် ရေလျော့ကျခြင်းတို့အတွက် မြေပြင်အခြေအနေမှန်ကို ကွင်းဆင်းစစ်ဆေးရေး၊ ပြင်ဦးလွင်ဒေသ အထိမ်းအမှတ် ချယ်ရီပင်များစိုက်ပျိုးရေး၊ ပြင်ဦးလွင်ခရိုင်ရှိ သစ်တော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို စီမံချက်ချ၍ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကော်ဖီစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းများခွင့်ပြုပေးထားမှုအပေါ် သတ်မှတ်စည်းကမ်းများ လိုက်နာမှုရှိ/မရှိ ကြပ်မတ်စစ်ဆေးရေး၊ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်တော စိုက်ခင်း တည်ထောင်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ သစ်တောစိုက်ခင်း များ ရှင်သန်အောင်မြင်ရန် သုတေသနလုပ်ငန်းသည်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့်အတွက် အလေးထားဆောင်ရွက် ရေး၊ အပူပိုင်းဒေသ၏ ပူပြင်းသော ရာသီဥတု၊ မိုးခေါင်ရေရှားမှုနှင့် မြေအမျိုးအစား ညံ့မှုများကြားက စိုက်ခင်းအတွေ့အကြုံများနှင့် သုတေသနရလာဒ်များ ပေါင်းစပ်၍ စိုက်ခင်းများကို အောင်မြင်အောင် စိုက်ပျိုးတည်ထောင်ရန် အရေးကြီးမှု၊ သစ်တောနှင့် သတ္တု သယံဇာတ အပါအဝင် မြေပေါ် မြေအောက် သယံဇာတထိန်းသိမ်းရေးနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ဝန်ကြီးဌာနအတွက် အရေးကြီးမှု၊ နိုင်ငံအတွက် မြေပေါ်၊ မြေအောက် သယံဇာတထုတ်ယူရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရမည့်အပြင် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး အလေးထားလိုက်နာရမည်ဖြစ်ကြောင်း မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၊ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ် (၁၄၊၂၃၊၂၇၊၃၇)အတွင်း ပုဂ္ဂလိက ကော်ဖီစိုက်ခင်း များနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးထားမှုနှင့် စည်းကမ်းချက် များအပေါ် လိုက်နာဆောင်၏ရွက်မှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

(သတင်းစဉ်)