Around the World အစီအစဉ် ထိုင်းနိုင်ငံမှ လာရောက်မှတ်တမ်းရိုက်ကူး

ရန်ကုန်  ၂၇   ဇန်နဝါရီ   

ထိုင်းနိုင်ငံမှ Around the World အစီအစဉ် ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေဘုရားတစ်ဝိုက်နှင့် ပန်းဆိုးတန်းလမ်းတစ်လျှောက်ရှိ ရှေးဟောင်းအဆောက်အဦများ မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းကို ရိုက်ကူးသည်။

 

‌ေ

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ဇန်နဝါရီ ၂၁ မှ ၂၆ ရက်‌နေ့အထိ ရန်ကုန်မြို့ရှိ ဆူးလေဘုရား တစ်ဝိုက်မှ ရှေးဟောင်းအဆောက်အဦများနှင့် ရှုခင်းများ၊ အများပြည်သူသွားလာလှုပ်ရှားနေမှုများ၊ Myanmar Plaza ရှိ Yoogane စားသောက်ဆိုင်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၁ လမ်းနှင့် ကျောက်တံတား မြို့နယ်၊ ၃၅ လမ်းရှိ အဆောက်အဦများ ပြုပြင်နေမှု၊ ၄၁ လမ်းနောက်ဖေးလမ်းကြား အလှဆင်ထားမှုနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ၊ မရမ်းစုကျေးရွာရှိ ကရင်နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော် တွင် လက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်နေပုံတို့ကို မှတ်တမ်းရိုက်ကူးခဲ့သည်။

 

4

 

ထို့ပြင် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်နှင့် ရန်ကုန်မြို့ရှုခင်းများကိုလည်း ဆက်လက် ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ကူးထားမှုများကို ထိုင်းရုပ်မြင်သံကြားလိုင်း (PPTV HD 36)တွင် Around the World အစီအစဉ်အဖြစ် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်စွာသိန်း(FDC)