အသွားအလာကန့်သတ်ခြင်း ခံရသူများထားရှိရန် ရုံးခန်းနေရာကို ရှာရွတ်ခန်း လှူဒါန်း

၁၂ ဧပြီ

 

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေကြရာ ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်းနှင့် ဇနီးသည် ဖြစ်သူ ဂူရီခန်းတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာရုံးခန်းကို ကိုဗစ် -၁၉ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူများ ထားရှိရာနေရာအဖြစ် အသုံးပြု ရန် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှာရွတ်ခန်းတို့ပိုင်ဆိုင်သည့် လေးထပ်အဆောက်အအုံသည် မွမ်ဘိုင်းမြို့တွင်တည်ရှိပြီး အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို အဓိကထားရှိရန် ရည်ရွယ်ထားသည်။ မွမ်ဘိုင်းမြို့ စည်ပင်သာယာရေးအဖွဲ့ ကလည်း ရှာရွတ်ခန်းတို့စုံတွဲ၏ အချိန်ကိုက် အမြော်အမြင်ရှိရှိ ပါဝင်ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းရေးအတွက် ရှာရွတ်ခန်း၏ ပါဝင်ကူညီမှုမှာ ယခု တစ်ကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခုလအစောပိုင်းကလည်း အသက် ၅၄ နှစ်အရွယ် ရှာရွတ်ခန်းသည် မဟာရတ်ရှ်ထာ၊ ဒေလီနှင့် အနောက်ဘင်္ဂလား တို့ကို လှူဒါန်းမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

 

သည်စတား

ခြူး