ASEAN SME Policy Index 2018, Myanmar National Dissemination Seminar အခမ်းအနား ကျင်းပ

နေပြည်တော် ၂  နိုဝင်ဘာ

 
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ The Organisation for Economic Co-operation and Development (OECD) နှင့် East Asia (ERIA) တို့ ပူးပေါင်း၍ Myanmar National Dissemination Seminar of the ASEAN SME Policy Index 2018 အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။

 
အခမ်းအနားတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SME)သည် နိုင်ငံသားများအတွက် အလုပ်အကိုင် ဖန်တီးနိုင်မှု၊ အလုံးစုံဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံသားများ၏ သာယာဝပြောမှုကို ထောက်ပံ့ပေးနိုင်မှုများကြောင့် အာဆီယံ စီးပွားရေး တစ်ခုလုံးအတွက် နောက်ခံကျောရိုးသဖွယ်ဖြစ်ပါကြောင်း၊ SME များအနေဖြင့် မိမိတို့၏ အလားအလာများနှင့် ပတ်သက်ပြီး သိရှိနားလည်နိုင်စေရန် သင့်လျော်သည့် အမျိုးသားအဆင့်၊ ဒေသအဆင့်မူဝါဒများချမှတ်ရာတွင် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် SME မူဝါဒညွှန်းကိန်းများဖြင့် သတ်မှတ်တိုင်းတာကြပါကြောင်း။

 
ASEAN SME Policy Index 2018 သည် ရှေ့ဆက်ဆောင်ရွက်မည့် SMEs လုပ်ငန်းများဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် မူဝါဒများချမှတ်နိုင်ရေး၊ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော်နိုင်ရေးတို့အတွက် အရှေ့တောင်အာရှ မူဝါဒချမှတ်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါ ကြောင်း၊

 
ASEAN SME Policy Index 2018 သည် ERIA၊ ACCMSME တို့၏ ပူးပေါင်းအားထုတ်မှုတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ SME မူဝါဒဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အတိုင်းအတာ (၈)ခုဖြင့် လေ့လာဆန်းစစ်နိုင်သည့် ညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံ အများစုသည် SME မူဝါဒဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ကြွစွာလုပ် ဆောင်နေကြသလို ယခင်လုပ်ဆောင်ဆဲ လုပ်ငန်းစဉ်များနှင့် ဦးစားပေးအကောင်အထည်ဖော်ရမည့် နယ်ပယ်များကို ဟန်ချက်ညီညီဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း။

 
မြန်မာနိုင်ငံအနေဖြင့်လည်း SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ Institution များ၊ ဘဏ္ဍာငွေကြေးရရှိရေးဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ SME ဖွံ့ဖြိုးရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့၊ SME Agency၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံအဖွဲ့ စသည့် အထောက်အကူပြုအဖွဲ့(၃)ဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း။

 
ASEAN Strategic Action Plan (2016-2025) နှင့် ASEAN SME Policy Index 2018 တို့ကိုအခြေခံ၍ SME Agency မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် (၁၅) ခုတို့တွင် SME Action Plan ရေးဆွဲရေး ဆိုင်ရာ Workshops များ ကျင်းပ၍ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး (၃) ခု၊ ပြည်နယ်(၂)ခု တို့တွင် ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 
ဆက်လက်၍ OECD Mr. Max BULAKOVSKIY Mr. Rahmasari ISTIANDARI ASEAN Regional Level SME Policy Index 2018 နည်းပညာ ဆိုင်ရာများ၊ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 
အဆိုပါ အခမ်းအနားကို OECD ၊ ERIA မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 
(သတင်းစဉ်)