အသက် ၃၈ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ လီတက်ခ်

ကျော်ကြားတဲ့ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ လီတက်ခ်ဟာ အမျိုးသားတေးဂီတအဖွဲ့ Super Junior ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ လက်ရှိမှာတော့ အသက် ၃၈ နှစ် ပြည့်ခဲ့ပါပြီ။ တေးဂီတအသိုင်းအဝိုင်းမှာ အချိန်ကြာမြင့်စွာ လှုပ်ရှားခဲ့တဲ့ လီတက်ခ်ကိုတော့ ပရိသတ်တွေက ယနေ့အချိန်အထိ ချစ်ခင်အားပေးလျက်ရှိပါတယ်။

“ကျွန်တော်ကတော့ ဒီကမ္ဘာရဲ့ ထူးခြားတဲ့ခေါင်းဆောင်တစ်ဦးပါ။ အတောင်ပံတွေ ဆုံးရှုံးခဲ့ရတဲ့ နတ်သား တစ်ပါးလည်း ဖြစ်ပါတယ်”လို့ ဆိုခဲ့သူ လီတက်ခ်ကတော့ ဇူလိုင် ၁ ရက်က အသက် ၃၈ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

လီတက်ခ်ဟာ အဖွဲ့အတွင်းမှာ အများရဲ့ အာရုံစိုက်မှုကို ရှာဖွေရယူလိုစိတ်ရှိသူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူဟာ အခမ်းအနားတင်ဆက်သူတစ်ဦးအဖြစ် လုပ်ဆောင်ရင်း အများက သူ့ကို အာရုံစိုက်လာအောင် လုပ်ဆောင်လေ့ရှိပါတယ်။ လီတက်ခ်ဟာ ကောင်းမွန်တဲ့ အခမ်းအနားတင်ဆက်သူတစ်ဦးလည်းဖြစ်ပြီး အကနဲ့ အဆိုပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ Super Junior ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာနဲ့အညီ အဖွဲ ရှင်သန်ရပ်တည်ရေး အတွက် အကောင်းဆုံးကြိုးစားနိုင်ခဲ့သူ ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ကေပေါ့ပ်လောကမှာ ကျော်ကြားပါတယ်။

အေးပြည့်