အသက် ၆၁ နှစ် အရွယ် ဗီယက်နမ် သမ္မတ နာမကျန်းဖြစ်ပြီး ကွယ်လွန်

၂၁ စက်တင်ဘာ

အသက် ၆၁ နှစ်အရွယ် ဗီယက်နမ်နိုင်ငံ သမ္မတ ထရန်ဒိုင်ကွမ်သည် နှစ်ရှည်လများ နာမကျန်း ရောဂါဖြစ်ပြီး ဟနွိုင်းဆေးရုံ၌  ယနေ့ မနက်တွင် သေဆုံးခဲ့ကြောင်း ဗီယက်နမ် သတင်းစဉ် က သတင်းဖော်ပြထားသည်။

ကွမ် ကို ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ဗီယက်နမ် နိုင်ငံမြောက်ပိုင်း နင်းရှ်ဘင်းရှ် ပြည်နယ်တွင် မွေးဖွားခဲ့ကြောင်း၊ ဥပဒေဒေါက်တာဘွဲ့ ရရှိပြီး တရုတ်နိုင်ငံတွင် မဟာဘွဲ့ ရရှိခဲ့ကြောင်း နှင့် ၂၀၀၉ ခုနှစ်တွင် ပါမောက္ခရာထူးအပ်နှင်းခံခဲ့ရကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ဗီယက်နမ် အမျိုးညီလာခံ၊ တိုင်းပြည်၏ ထိပ်တန်းဥပဒေပြု လွှတ်တော်တွင် ဗီယက်နမ် သမ္မတအဖြစ် ကွမ် ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို