အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မော်လူး ၁ ဇန်နဝါရီ

 

နိုင်ငံတော်အစိုးရသည် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ၏ ဘဝ ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ လူမှုရေးပင်စင်ငွေကြေး ထောက်ပံ့ပေးအပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မန်ဟဲကျေးရွာအုပ်စု ကျေးရွာ လေးရွာအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား ၂၂ ဦးအား ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ခဲ့ကြောင်းသိရသည်။
 

ယင်းသို့ ထောက်ပံ့ရာတွင် မန်ဟဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်၊ ကျေးရွာတာဝန်ခံများ၊ ရပ်ကျေးစာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်နှင့် တာဝန်ရှိသူများသည် လူမှုရေးပင်စင် ထောက်ပံ့ကန်တော့ငွေ တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၂ဝ၁၈ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ သုံးလအတွက် ငွေကျပ် ၃ဝဝဝဝ ကို အဘိုးအဘွားတို့၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

 

ခင်မောင်ဆွေ (မော်လူး)