အသက် ၉၉ အရွယ် ဒုတိယကမ္ဘာစစ်ပြန်ကြီးက  ဗြိတိန် ကျန်းမာရေးဝန်ထမ်းတွေအတွက် အလှူငွေ ၂ သန်းနီးပါး ရအောင် ဆောင်ရွက်ခဲ့

mdn

၁၄ ဧပြီ

ဒုတိယကမ္ဘာစစ်ပြန် ဗြိတိန်စစ်သားဟောင်းကြီး တွမ်မိုးလ် က ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေ အတွက် အလှူငွေကို အွန်လိုင်းကနေ ကောက်ခံခဲ့ရာ အမေရိကန်ဒေါ်လာ . သန်း (စတာလင်ပေါင် . သန်း) ရရှိခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ကြီး တွမ်မိုးလ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အိနိ္ဒယနဲ့ မြန်မာနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ လက်ရှိနေထိုင်တဲ့ အင်္ဂလန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားက  သူ့နေအိမ်ရှိ ၂၅ မီတာအရှည်ပန်းခြံ အတွင်းမှာ အခေါက်ရည် တစ်ရာပြည့်အောင် လမ်းလျှောက်မယ် အဲဒီလို သူ လုပ်ဆောင်တဲ့အတွက် သူ့ကိုယ်စား ကျန်းမာရေးဝန်ထမ်းတွေကို အလှူငွေပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ဧပြီ ၃၀ ရက်နေ့ဟာ မိုးလ်ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပါတယ်။ အဲဒီမွေးနေ့အကြိုအဖြစ် ခေါက်ရေ ၁၀၀ လမ်းလျှောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ မိုးလ်ရဲ့ မူလ ရည်မှန်းချက်က ကျန်းမာရေးဝန်ထမ်းတွေအတွက် ပေါင် ၁၀၀၀ လှူဒါန်းပေးရန်သာဖြစ်ပါတယ်။ အခေါက် ၁၀၀ ကို  လမ်းလျှောက်အကူကို အသုံးပြုပြီးလျှောက်ပါ့မယ်လို့ အွန်လိုင်းမှာ မေတ္တာရပ်ခံပေမယ့် လူထုက သူ့ကိုယ်စား ပေါင်သန်းချီပြီး လှူဒါန်းပေးတာဖြစ်ပါတယ်။

အရင်က စစ်ပွဲမှာ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေက ရှေ့တန်းမှာ ပါဝင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဗြိတိန်စစ်တပ်မှာ ဆရာဝန်တွေ သူနာပြုတွေက ရှေ့တန်းမှာ ရှိနေတယ်။  ဒီတိုက်ပွဲမှာ ဆက်လက်ရှင်သန်နိုင်မယ်။ အင်မတန်တော်တဲ့ ဆရာဝန်နဲ့သူနာပြုတွေက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြပါတယ်လို့ ITV  သတင်းဌာရဲ့ Good Morning Britain အစီအစဉ်ကို ပြောကြားပါတယ်။

တွမ်မိုးလ်အတွက် အလှူရှင် ၇၀,၀၀၀ ကျော်က အလှူငွေ စတာလင်ပေါင် . သန်းကို ကျန်းမာရေးဝန်ထမ်းတွေ အား လှူဒါန်းပေးတာဖြစ်ပါတယ်။

MDN
ကိုးကား - AFP

mdn

 

mdn