အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဖွင့်

ပေါက်ခေါင်း  ၁၈  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စေရန်ရည်ရွယ်၍ "ခေါင်းလျှော်ရည် ဆပ်ပြာချက် သင်တန်း"ကို ယနေ့နံနက် ၁၀ နာရီ က ညောင်ကုန်းကျေးရွာအုပ်စု ထောင်ရကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုး ကကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက် မြင့်မားလာစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘဝရပ်တည်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် ယခုလို သက်မွေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းမှသင်ကြား ပို့ချပေးမည့် အသက်မွေး ဝမ်းကျောင်း အတတ်ပညာများ ဖြင့်လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ ၂၀ နှင့် ကျေးရွာ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ၅ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ