အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း သရက်ခရိုင်အတွင်း (၁၅)ကြိမ်ဖွင့်လှစ်မည်

သရက်  ၈   နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ကျးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း(၁၅)ကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/ သူဦးရေ (၄၁၅)ဦး တို့အား သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို သရက်ခရိုင်အတွင်းရှိမို့နယ်ခြောက်မြို့နယ်၏ကျးရွာများနှင့်မို့နယ်ရုံးများတွင် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များသင်ကြားလိုသူစိတ်ပါ ဝင်စားသည့်ကျေးရွာသူ/ကျေးရွာသားများ အနေဖြင့် မည်သူမဆို အခမဲ့တက်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

သင်တန်းများဖွင့်လှစ်သင်ကြားရခြင်းပတ်သက်၍ ကျးလက်နေပြည်သူများမှ အလုပ်အကိုင်မပျက်တက်ရောက်နိုင်ခွင့်ရရှိပြီး တတ်မြောက်လာသည့် ပညာရပ်များကို အသုံးချ၍ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် မြို့ကြီးပြကြီးများသို့ သွားရောက်လုပ်ကိုင်ရာတွင် အခြေခံပညာရပ်များ တတ်မြောက်ထားသည်ဖြစ်၍ အဆင့်မြင့်ပညာရပ်များကိုပါ ထပ်ဆင့်သင်ကြားရာတွင် အခက်အခဲမရှိ သင်ကြားနိုင်မည်ဖြစ်၍ ကျးလက်နေပြည်သူများ အနက်မှ စက်မှုလက်မှုပညာရှင်များ ပိုမိုဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ပါကြောင်း သရက်ခရိုင်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည် ထံမှ သိရသည်။

သင်တန်းများကို သရက်ခရိုင်ရုံးတွင် တစ်ကြိမ်၊ သင်တန်းသားဦးရေ ၃၀၊ သရက်မြို့နယ်မှကျးရွာ နှစ်ရွာနှင့်မို့နယ်ရုံးတွင် သုံးကြိမ်၊ သင်တန်းသားဦးရေ ၈၀၊ ကံမမြို့နယ်ရုံးတွင် နှစ်ကြိမ်၊ သင်တန်းသားဦးရေ ၅၀၊မင်းတုန်းမြို့နယ်မှကျးရွာ တစ်ရွာနှင့်မို့နယ်ရုံးတွင် နှစ်ကြိမ်၊ သင်တန်းသားဦးရေ ၆၀၊မင်းလှမြို့နယ်ရုံးတွင် သုံးကြိမ်၊ သင်တန်းသားဦးရေ ၈၅၊ ဆင်ပေါင်ဝဲမြို့နယ်မှကျးရွာ တစ်ရွာနှင့်မို့နယ်ရုံးတွင် နှစ်ကြိမ်၊ သင်တန်းသားဦးရေ ၆၀နှင့်အာင်လံမြို့နယ်မှကျးရွာ တစ်ရွာနှင့်မို့နယ်ရုံးတွင်နှစ်ကြိမ်၊ သင်တန်းသားဦးရေ ၅၀ဖြင့် စုစုပေါင်း သင်တန်းကြိမ်ရေ ၅၀၊ သင်တန်းသား ဦးရေ ၄၁၅ဦးတို့ကိုဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများမှာ လက်သမား၊ ပန်းရံသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့်ပုပြင်ထိန်းသိမ်းနည်းသင်တန်း၊ သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာထုတ်လုပ်နည်း သင်တန်းများဖြစ်ကြောင်း သိရသည်။

ဆုဝေထွန်း(သရက်)