အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး အခမဲ့ထိုးနှံ့ပေးခြင်း ဒုတိယနေ့ဆောင်ရွက်

တာချီလိတ်   ၂၂  အောက်တိုဘာ

ရန်ကုန်မြို့အခြေစိုက် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ အသည်းရောင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ့ပေးခြင်းကို ယနေ့ ၈ နာရီမှစ၍ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ့ပေးရာတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကျိုင်းတုံမြို့ ကုတင်(၃၀ဝ)ဆံ့ တပ်မတော်စစ်ဆေးရုံမှ ကုသရေးအဖွဲ့ ဆရာဝန် (၈)ဦးနှင့် သူနာပြု(၈)ဦးတို့က ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ရက်လျှင် လူဦးရေ (၅၀ဝ)ဦးနှင့် စုစုပေါင်းလူဦးရေ (၁၀ဝဝ)ဦးအား ထိုးနှံ့ပေးခဲ့ကြောင်း သိရသည်။

+၆

ထို့နောက် ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများအတွက် အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) အသင်းသို့ အလှူရှင်များ စုပေါင်း၍ အလှူငွေကျပ် (၁၁၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသည်းရောင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ့ပေးခြင်းကို အောက်တိုဘာ ၂၁ ရက်မှစ၍ အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)