AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ထိရောက်မှုကို မဆုံးဖြတ်မီ အချက်အလက်ပိုမိုစုဆောင်းရန်လိုအပ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ဖေဖော်ဝါရီ ၉

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်အာဖရိက ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်မှုနှင့်ပတ်သက်ပြီး AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ထိရောက်မှုကို မဆုံးဖြတ်မီ ထိုကာကွယ်ဆေးချက်အလက်ပိုမိုစုဆောင်းရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

တောင်အာဖရိကအစိုးရက အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ဗြိတိန်ဆေးဝါးကုမ္ပဏီတို့ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း  တနဂငေ်္နွနေ့က ပြောကြားခဲ့သည်။

အစောပိုင်းစမ်းသပ်ချက်အချက်အလက်အရ ထိုကာကွယ်ဆေးသည် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုအပေါ်ထိရောက်မှုနည်းပါးနိုင်သည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထိုကာကွယ်ဆေးနှင့်ပတ်သက်ပြီး သိသာထင်ရှားစွာပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က မိမိတို့အနေဖြင့် ထိုကာကွယ်ဆေးသည် ကိုဗစ်ရောဂါကိုအပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိဟု အပြီးသတ်ဆုံးဖြတ်ချက်မချနိုင်သေးကြောင်းနှင့်အချက်အလက်များပိုမိုလေ့လာရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို