အထည်ချုပ်လုပ်ငန်းများတိုးချဲ့ ဖွင့်လှစ်ခြင်းကြောင့် အမျိုးသမီးများ အလုပ်အကိုင်ပိုမိုကောင်းမွန်

ရေတာရှည် ၁၄ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ပြည်ပအော်ဒါအများအပြားရရှိသော အထည်ချုပ်လုပ်ငန်းများ ဖွင့်လှစ်ခဲ့ခြင်းကြောင့် မြို့ပြနှင့်ကျေးလက်ဒေသနေ မိန်းကလေးများအနေဖြင့် မိသားစုနှင့်မခွဲမခွာ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဂျပန်နဲ့ ကိုရီးယားက အော်ဒါတွေများတယ်။ ဒါပေမယ့် သူတို့ဘက်ကမှာသလောက်ကို မချုပ်ပေးနိုင်သေးဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်ဆီမှာက ကျွမ်းကျင်သူ နည်းတာလည်းပါတယ်။ လုပ်ခအနေနဲ့ကတော့ တစ်ရက်ကို နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိပဲ ကျပ် ၄၈၀ဝ ပေးပါတယ်၊ ကျွမ်းကျင်သူတွေကျတော့ လစာအနေနဲ့ ကျပ် ၇၀ဝ၀ဝ၀ ကနေ ၈၀ဝ၀ဝ၀ အထိပေးရတာရှိတယ်၊ အလုပ်သင်လေးတွေကျတော့ တစ်ရက်ကို ကျပ် ၂၅၀ဝ နှုန်းပေါ့၊ နှစ်လသုံးလလောက်ကြာသွားလို့ အလုပ်လည်းကျွမ်းကျင်သွားပြီဆိုရင် ပုံမှန်လစာပေးပါတယ်ဟု အထည်ချုပ်လုပ်ငန်းရှင် ဒေါ်အေးအေးလှိုင်က ပြောကြားသည်။

 

ဓသမီးတို့က အင်ကျင်းကုန်းရွာကနေ အလုပ်လာလုပ်တာပါ။ ရေတာရှည်မြို့နယ်ကဆိုတော့ ဆိုင်ကယ်နဲ့ပဲသွားသွား ဖယ်ရီနဲ့ပဲလိုက်လိုက် အဆင်ပြေပါတယ်ဟု အထည်ချုပ်လုပ်ကိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

 

ကိုလွင်(ဆွာ)