အထူးသဖြင့် လူငယ်များ အီး-စီးကရက် သောက်သုံးခြင်းကို ပြင်းပြင်းထန်ကန့်ကွက်သင့်

၁၉ ဒီဇင်ဘာ

 

အမေရိကန် လူငယ်တွေကြားမှာ တွင်ကျယ်စွာ သောက်သုံးလာတဲ့ အီး-စီးကရက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ ထိပ်တန်းရာထူးတာဝန်ယူထားတဲ့ ဆရာဝန်က အင်္ဂါနေ့က တောင်းဆို လိုက်ကြပါတယ်။ အီး-စီးကရက်က လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေတဲ့အတွက် ကလေးတွေကို နီကိုတင်း သုံးစွဲခြင်းကနေ ကာကွယ်ရမယ်လို့ လူထုကျန်မာရေးအကြံပေး ဆရာဝန်ကြီး ဂျာရိုမီ အက်ဒမ်က ပြောကြားလိုက်ပါတယ်။ 

 

အီး-စီးကရက်ဟာ ဘေးအန္တရာယ်မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး အသက် ၂၅ နှစ်အရွယ်အထိ ဆက်လက်ဖွံ့ဖြိုးနေတဲ့ လူငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ဆိုးကျိုးဖြစ်စေသလို ပညာသင်ကြားနေစဉ်မှာ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေမှာ ဆိုးကျိုးဖြစ်စေတယ်လို့ ဒေါက်တာ အက်ဒမ်က ဆက်ပြောပါတယ်။ 

 

 

ဒီနေ့ခေတ်မှာ အမေရိကန်ကလေးသူငယ်တွေဟာ ရှူရှိုက်မှု လုပ်ဆောင်နေခြင်းဟာ အမြင့်ဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အထက်တန်း ကျောင်းသူ ကျောင်းသားများ ကြားမှာ အီး-စီးကရက်သောက်သုံးသူ အရေအတွက်ဟာ ၇၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခြင်းဟာ ငါးယောက်မှာ တစ်ယောက်နှုန်းလောက် အီး-စီးကရက် ရှုရှိုက်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ အဆိုးဆုံးက နီကိုတင်းအရည်ကိုထည့်ပြီးသောက်တဲ့ အီး-စီးကရက်မျိုးမှာ အသီးအရသာ ဒါမှမဟုတ် ချိုချဉ်အရသာပါတဲ့အတွက် လူငယ်တွေကို ပိုပီး စွဲလမ်းစေပါတယ်။ 

 

အမေရိကန်မှာ လူငယ်ပေါင်း ၃.၆ သန်းလောက်ဟာ အီး-စီးကရက်ကို သောက်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ 

 

မိဘတွေ၊ ဆရာဝန်တွေနဲ့ ပညာရေးဝန်ထမ်းတွေအားလုံး အခန်းအတွင်း ရှူရှိုက်နေတာကို တားမြစ်ရေးန့ အီး-စီကရက်ရဲ့ ဆိုးကျိုးတွေကို ကလေးတွေကို ပြောကြားဖို့၊ နာမည်တပ်ပြောရမယ်ဆိုရင် ဂျူးလ်ကုမ္ပဏီက USB ပုံစံထုတ်လုပ်ထားတဲ့ အီး-စီးကရက်လိုဟာမျိုးကို တားမြစ်ဖို့  ဒေါက်တာအက်ဒမ်က ပြောပါတယ်။ 

 

MDN
ကိုးကား- AFP