အတ္တလန်တာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကိုပါအီတာလီယာဖလားမှ နှုတ်ဆက်လိုက်ရပြီဖြစ်သည့် ဂျူဗင်တပ်

၃၁ ဇန်နဝါရီ


ကိုပါအီတာလီယာ ပြိုင်ပွဲတွင် နောက်ဆုံး လေးနှစ်ဆက်တိုက် ဗိုလ်စွဲထားနိုင်ခဲ့သည့် ဂျူဗင်တပ် အသင်းမှာ မနေ့က အတ္တလန်တာ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဂျူဗင်တပ် အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကိုပါအီတာလီယာပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ပြီဖြစ်သည်။ 


ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းတွင် အဓိက ကစားသမားတွေဖြစ်သည့် စီရော်နယ်ဒို၊ ဒီဘားလား၊ ဘာနာဒက်ခီ အစရှိသည့် ကစားသမားတွေ ပါဝင်ခဲ့သော်လည်း အတ္တလန်တာ အသင်းက အကောင်းဆုံး ပုံစံကောင်း ပြသပြီး အနိုင်ယူနိုင်ခဲ့သည်။ အတ္တလန်တာ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၇ မိနစ်တွင် ကက်စတက်ဂ်နီနှင့် ပွဲချိန် ၃၉ ၊ ၈၇ မိနစ်တို့တွင် ဇာပါတာ တို့က သွင်းယူခဲ့ကြသည်။ 


ဂျူဗင်တပ် အသင်းကို တိုက်စစ်မှူး စီရော်နယ်ဒို ရောက်ရှိလာချိန်တွင် အသင်းအနေဖြင့် ဖလား သုံးလုံးအောင်မြင်မှု ရယူနိုင်ဖို့အထိ မျှော်မှန်းထားသည့် မျှော်လင့်ချက်မှာ ယခုပွဲစဉ် အရှုံးကြောင့် ပျက်ပြယ်ခဲ့ရသလို ဒီရာသီပြည်တွင်း ဖလားပွဲစဉ်မှာလည်း ပထမဆုံးရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။ 


အခြားပွဲစဉ်အဖြစ် ဖီအိုရင်တီးနား အသင်းနှင့် ရိုးမားအသင်းတို့၏ပွဲစဉ်တွင် ရိုးမားအသင်းက ဖီအိုရင်တီးနားအသင်းကို ခုနစ်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ 


ကိုပါအီတာလီယာ ကွာတားဖိုင်နယ် ပွဲစဉ်ရလဒ်


ဖီအိုရင်တီးနား ၇ - ၁ ရိုးမား


အတ္တလန်တာ ၃ - ဝ ဂျူဗင်တပ်


MDN