အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်အသင်း အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်

mdn

၅ ဇန်နဝါရီ

 

စပိန်လာလီဂါ ပွဲစဉ် (၁၉) ပွဲစဉ်များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီး ဂီတာဖေးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ ပွဲစဉ်တွင် အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ရီးယဲလ်မက်ဒရစ် အသင်းက ဂီတာဖေးအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

 

ပထမပိုင်းတွင် အိမ်ရှင် ဂီတာဖေးအသင်း ကစားပုံကောင်းမွန်မှုကြောင့် ရီးယဲလ်မက်ဒရစ်အသင်း ဖိအားများခဲ့ပြီး ပွဲချိန် ၃၄ မိနစ်တွင် ဂီတာဖေး ဂိုးသမားအမှားကြောင့် ရီးယဲလ်မက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ပွဲချိန် ၅၃ မိနစ်တွင် ဗာရန်နီနှင့် ၉၅ မိနစ်တွင် မိုဒရစ် တို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သည်။

 

ရီးယဲလ်မက်ဒရစ်အသင်းမှာ ယခုပွဲစဉ်အနိုင်ရလဒ်ကြောင့် လာလီဂါအမှတ်ပေးဇယား၏ အဆင့် (၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ၄င်း၏ပြိုင်ဘက်ဖြစ်သည့် ဘာစီလိုနာအသင်းမှာ အက်စ်ပန်ညိုအသင်းကို တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အမှတ်ပေးဇယား၏ အဆင့် (၂)နေရာတွင် ရပ်တည်နေခဲ့သည်။

 

 

 စပိန်လာလီဂါပွဲစဉ် (၁၉)ရလဒ်

အက်သလက်တီကို ၂-၁ လီဗန်တေး

အက်စ်ပန်ညို ၂-၂ ဘာစီလိုနာ

ဂီတာဖေး ဝ - ၃ ရီးယဲလ်မက်ဒရစ်

MDN