၂၅ သြဂုတ်
မျက်လုံးကို စမ်သပ်တဲ့ ခေတ်မီနည်းပညာနဲ့ မျက်လုံးကိုစမ်းသပ်ပြီး အယ်ဇိုင်းမား သတိမေ့ရောဂါ ဖြစ်နိုင်ချေရှိ မရှိကို ရောဂါလက္ခဏ မပြမီ မှာ ပြောနိုင်တော့မယ်လို့ မနေ့က သုတေသနပညာရှင်တွေက ပြောပါတယ်။
အဲဒီစမ်းသပ်ပစ္စည်းဟာ မျက်စိဆရာဝန်တွေ ရှိတဲ့ ပစ္စည်းနဲ့ အလားသဏ္ဍန်တူတဲ့ ပစ္စည်းဖြစ်ပါတယ်။ သုတေသန ပြုသူတွေက အယ်ဇိုင်းမားဝေဒနာရှင် အယောက် ၃၀ လောက်ရဲ့ နမူနာကို ယူ လေ့လာရာကနေ သိရှိကြောင်း အမေရိကန်ဆေးပညာအဖွဲ့အစည်းကနေ ထုတ်ဝေတဲ့ ဂျာနယ်မှာ ပြောဆိုထားပါတယ်။
သုတေသန ပြုလုပ်ခဲ့သူတွေဟာ အယ်ဇိုင်းမား ဝေဒနာရှင် အသက် ၇၀ ဝန်းကျင်တွေရဲ့ လက္ခဏာကို PET ရိုက်ကြည့်တာမျိုးနဲ့ ကျောရိုးထဲက အရည်ကို သုတေသနပြုလုပ်ထားသူတွေဖြစ်ပါတယ်။
အဲဒီလူတွေရဲ့ မျက်ကြည်လွှာက ပါးလာတာမျိုးတွေ့ရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အယ်ဇိုင်းမားဝေဒနာရှင်တွေရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ကြည့်ရာမှာလည်း အလားတူ တွေ့ရှိကြောင်း ပညာရှင်တွေက ဆိုထားပါသေးတယ်။
သုတေသနပြုချက်မှာ မျက်ကြည်လွှာ ပါးလွှာလာသူတွေက အယ်ဇိုင်းမားရောဂါ ဖြစ်လာသလား မဖြစ်ဘူးလားဆိုတော့ကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။
အခုသုတေသနပြုလုပ်ဖို့အတွက် မျက်စိစမ်းသပ်ရာမှာ ငွေကြေးကုန်ကျမှုသက်သာတယ်။ လျင်မြန်မယ်၊ စည်းရုံးစရာမလို ဘဲ လူအယောက် ၃၀ လောက်က ပါဝင်ခဲ့ကြောင်းသိရပါတယ်။
MDN
ကိုးကား- AFP