အယ်လ်ဂျီးရီးယားတွင် ရာသီဥတု ဆိုးရွားမှုကြောင့် လူနှစ်ဦး သေဆုံး

၂၅ ဇန်နဝါရီ

 

အယ်လ်ဂျီးရီးယားတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆီးနှင်းများ ကျဆင်းမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး လေကြောင်းလိုင်း ခရီးစဉ်အများအပြားကို  အာဏာပိုင်များက ပယ်ဖျက်ခဲ့ကြောင်း  ပြည်တွင်း မီဒီယာက ဖော်ပြထားသည်။

 

အယ်လ်ဂျီးယား တောင်ပိုင်း ၆၀ ကီလိုမီတာ အကွာ ဘလီဒါ ပြည်နယ်ရှိ ယာဉ်သွားလာသည့်လမ်းများတွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ဆီးနှင်းကျဆင်းမှုတို့ကြောင့် မတော်တဆမှု ဖြစ်ပွားကာ လူတစ်ဦးသေဆုံးပြီး အခြား၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

မိုးလေဝသဌာနက ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်းသည်  အထူးသဖြင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် သောကြာနေ့ထိ တိုင်အောင် ဆက်လက်ဖြစ်နေမည် ဟု သတိပေးပြောကြားထားသည်။

 

ရာသီဥတု ဆိုးရွားမှုကြောင့်  နိုင်ငံပိုင် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက  ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ပယ်ဖျက်ခဲ့ကြောင်းနှင့် လမး်များပေါ် ဆီးနှင်းများကျဆင်းမှုကြောင့်  ရာချီသော မော်တော်ယာဉ်များ ပိတ်မိခဲ့ကြကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို