ဘားအံမြို့၌ ကရင်ရိုးရာ အစားအသောက်ပြိုင်ပွဲနှင့် တာလပေါ့ ဟင်းချက်ပြိုင်ပွဲကျင်းပ

ဘားအံ ၈ ဇူလိုင်

 

ပထမအကြိမ် ကရင်ရိုးရာ အစားအသောက်ပြိုင်ပွဲနှင့် ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်  ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

 

ပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကို တန်ဖိုးထား စားသောက်လာစေရန်နှင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များကို ကရင်ရိုးရာ အစားအစာများကို ဈေးကွက်ထိုးဖောက်၍ စီးပွားရေး အခွင့်လမ်းရရှိရေးနှင့် မြန်နိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း(ဗဟို)မှ မြန်မာ့ယဉ်ကျေးမှု နယ်မြေ (ပုဂံ)နယ်မြေတွင် ကျင်းပပြုလုပ်မည့် ရိုးရာ အစားအစာပြိုင်ပွဲသို့ ကရင်တိုင်းရင်းသားတို့၏ ရိုးရာ တာလပေါ့ဟင်းနှင့် အစားအသောက်များဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်များကို ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးကဲများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲသို့  ပြိုင်ပွဲဝင်အသင်း (၁၆)သင်းအား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမရရှိသော အသင်းအား ငွေကျပ်  ၂၀ဝ၀ဝ၀၊ ဒုတိယဆု  ငွေကျပ် ၁၅၀ဝ၀ဝ၊ တတိယဆု ငွေကျပ် ၁၀ဝ၀၀ဝ နှင့် နှစ်သိမ့်ဆုများအား တစ်သင်းလျှင်  ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ပထမဆုအား မုက္ကဒိကျေးရွာမှလည်းကောင်း၊ ၎င်းဒုတိယဆုအား ထိုင်းဗွီးလစ် စားသောက်ဆိုင်မှ လည်းကောင်း၊ တတိယဆုအား စကိုင်းဆိုင် (၁၂၃)မှ ရရှိခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဆန်း