ဘေဘီလေးတွေရဲ့ အရေပြားကို ဒုက္ခပေးမယ့် အရာများ

တစ်ခါတလေကျရင် ဘေဘီလေးတွေမှာ အကြောင်းအရင်းမသိရဘဲ အရေပြားတွေ ယားယံနေတာ၊ နီရဲနေတာမျိုး မြင်တွေ့ရတတ်ပါတယ်။ နူးညံ့လှတဲ့ ကလေးအရေပြားလေး ယားယံနေတဲအခါ သူတို့အတွေ ခံစားရခက်သလို ဘာကြောင့်ဆိုတာကိုလည်း ပြောပြနိုင်စွမ်းမရှိသေးတော့ အတော်လေး အကျပ်ရိုက်စရာ အခြေအနေဖြစ်ပါတယ်။

 

ခုလိုမျိုး ရင်သွေးလေးတွေ အရေပြားယားယံမှုဖြစ်စေတဲ့အကြောင်းအရင်း အမြောက်အမြားရှိပြီးတော့ အဓိက အကျဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

          Sunscreen – Sunscreen တွေဟာ အသားအရေကို နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့ ရည်ရွယ် ဖန်တီးထားတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ Sensitive skin မျိုးရှိတဲ့ကလေးမျိုးတွေအတွက် Sunscreen နဲ့ မတည့်တာမျိုးဖြစ်တတ်ပါတယ်။ ရင်သွေးအတွက် Sunscreen ဝယ်ယူမယ်ဆိုရင် Para-aminobenzoic acid (PABA) မပါတာကိုရွေးချယ်ဝယ်ယူပါ။ ဒီဓာတ်က ကလေးအရေပြားကို ယားယံစေတာဖြစ်ပါတယ်။

          Antibacterial Soap – ပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေနိုင်တဲ့ Antibacterial ဆပ်ပြာ တွေကြောင့်လည်း ကလေးအရေပြားယားယံစေနိုင်ပါတယ်။ အဆိုပါ ဆပ်ပြာတွေမှာပါရှိတတ်တဲ့ Triclosan ဟာ Sensitive skin ရှိတဲ့ ကလေးတွေနဲ့ မတည့်ပါဘူး။

          Lotion – ကလေးအရေပြား နူးညံ့စေဖို့ ဘော်ဒီလိုးရှင်းလေးတွေ လိမ်းပေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရင်သွေးမှာ Eczema အရေပြားပြဿနာရှိနေမယ်ဆိုရင် ဟိုမုန်းပြဿနာတွေနဲ့ ယားယံမှုပြဿနာတွေ ကြုံရစေနိုင်ပါတယ်။

          ဝိုက်ပါနဲ့ သန့်စင်ပစ္စည်းတွေ – ကလေးကို သန့်စင်ပေးဖို့ထုတ်လုပ်ထားတဲ့ ဒိုက်ပါ၊ ဝိုက်ပါ အဝတ်စို တွေနဲ့ သန့်စင်ပစ္စည်းတွေကြောင့်လည်း ယားယံမှုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဓာတ်မတည့်တဲ့ဝေဒနာ ခံစားရတာပါ။

          ဆပ်ပြာမှုန့် – တစ်ခါတစ်လေမှာ ဆပ်ပြာမှုန့်လိုအရာတွေက ကလေးက မတော်တဆ ကိုင်တွယ်မိတာမျိုး ဖြစ်တတ်ပါတယ်။ Laundry Detergent တွေမှာပါဝင်တဲ့ ဓာတုပစ္စည်း တွေဟာ ကလေးရဲ့ နူးညံ့တဲ့အသားအရည်ကို ထိခိုက်စေနိုင်ပြီး ယားယံတာ၊ ပူတာတွေဖြစ်စေနိုင်ပါတယ်။

          ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး – ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေကို ကလေးအတွက် သုံးတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာလေ့လာဖတ်ရှုဖို့လိုအပ်ပါတယ်။ Phthalates ၊ Formaldehyde နဲ့ Dioxane တို့ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေဟာ ဓာတ်မတည့်မှုဖြစ်နိုင်တာမို့ပါ။

          အဝတ်အစားနဲ့ ပိတ် – ကလေးအတွက် အသုံးပြုနေတဲ့ အနှီး၊ အဝတ်အထည်၊ ပိတ်နဲ့ စောင်တွေကြောင့်လည်း ယားယံမှုဖြစ်နိုင်ပါတယ်။ ဒီအရာတွေကို သေချာမသန့်စင်တာ၊ ညစ်ပတ်စွာတာထားတွေကြောင့် ပိုးမွှားတွေ ကပ်ငြိပြီး ကလေးအရေပြား ယားယံနိုင်သလို တစ်ချို့သောချည်အမျိုးအစားတွေကြောင့်လည်း ကလေးကို ယားယံမှုဖြစ်စေတတ်ပါတယ်။

          Household Cleaners – အိမ်သန့်စင်ရာမှာသုံးတဲ့ Household Cleaners တွေကလည်း ကလေးတွေအတွက် အန္တရယ်များတဲ့ အရာတစ်ခုပါ။ အရေပြားပြဿနာတင်မက အဆိပ်အတောက်လည်းဖြစ်ပါတယ်။ ခပ်ဝေးဝေးမှာထားသင့်တဲ့ ပစ္စည်းတစ်မျိုးပါ။

          ကလေးသုံးဆပ်ပြာ – တချို့ဆပ်ပြာတွေက ရင်သွေးတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပေမယ့် Formaldehyde လိုဓာတ်မျိုးပါဝင်နေတယ်ဆိုရင် အရေပြား၊ မျက်လုံး၊ နဲ့ အဆုပ်တွေကို ထိခိုက်စေတတ်ပါတယ်။

          ခြင်ဆေးဘူး – ပိုးမွှားတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့ Bug Spray တွေကလည်း ကလေးအသားအရေကို ထိုက်ခိုက်စေနိုင်ပါတယ်။ Household Cleaners တွေလိုပဲ ကလေးတွေနဲ့ ဝေးဝေးထားသင့်တဲ့ အရာဖြစ်ပါတယ်။

 

အထက်ဖော်ပြပါ အရာတွေဟာ ငယ်ရွယ်နုနယ်လှတဲ့ရင်သွေးတွေရဲ့ အရေပြားကို ထိခိုက်စေ နိုင်ပါတယ်။ ယားယံမှုတွေ၊ အရေပြားနီးရဲယောင်ယမ်းမှုတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

 

ဒါကြောင့် ရင်သွေးကို အရေပြားပြဿနာတွေကင်းဝေးစေချင်ရင် ဒီအရာတွေနဲ့ ခပ်ဝေးဝေးမှာနေခိုင်းတာမျိုး၊ စနစ်တကျ ဝယ်ယူသုံးစွဲတာမျိုးတွေ ပြုလုပ်ဖို့ တိုက်တွန်းပါရစေ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung