ဘဟားမားစ်တွင် ဟာရီကိန်းမုန်တိုင်းဒိုရီယန် ကြောင့် သေဆုံးသူ ၃၀ ဦးထိရှိ

၆ စက်တင်ဘာ

ဘဟားမားစ်နိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ကြောင့် သေဆုံးသူ ဦးရေ ၃၀ အထိရှိကြောင်း ဘဟားမားစ် ဝန်ကြီးချုပ် ဟူဘတ် မင်နစ် က ယမန်နေ့က ပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ် ဟူဘတ်မင်နစ် က စီအန်အန် နှင့် ဖုန်းအင်တာဗျူးတစ်ခုတွင် ယမန်နေ့ညနေပိုင်း က မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူအရေအတွက် ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းမုန်တိုင်းကို အပျက်အစီးများသော မုန်တိုင်း ဟု ခေါ်ဆိုခဲ့သည်။

 

ဘဟားမားစ်ရှိ လူပေါင်း ၇၀ဝ၀ဝ သည် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ကုလသမဂ္ဂ က ပြောကြားခဲ့သည်။

 

ဒိုရီယန် မုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ဘဟားမားစ်တွင် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီးနောက် အမေရိကန်နိုင်ငံရှိ မြောက် နှင့် တောင် ကာရိုလိုင်းနားပြည်နယ် နှစ်ခုလုံးတွင် ယမန်နေ့ညပိုင်းက  လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ဖြစ်ပွားကာ လျှပ်စစ်မီးများပြတ်တောက်ခဲ့ကြောင်း သိရသည်။

 

မုန်တိုင်း အဆင့် ၂ ဖြစ်သော ဟာရီကိန်းမုန်တိုင်းသည် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း တစ်လျှောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားသည်။

 

ကိုးကား - ဆင်ဟွာ            
ဘာသာပြန် - မြင့်မြင့်ချို