ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၂)နှင့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၈၆) တို့၏ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ၁၄  ဇန်နဝါရီ

 

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၂)နှင့် စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်းအမှတ်စဉ်(၈၆)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဗဟို၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍  အမှာစကားပြောကြားသည်။   

 

အဆိုပါ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၂)သို့ ဝန်ကြီးဌာနအဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဦးစီးအရာရှိအဆင့်ရှိ သင်တန်းသား(၇၅)ဦး၊ သင်တန်းသူ(၆၇)ဦးတို့က ရက်သတ္တ(၁၂)ပတ်နှင့် စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်းအမှတ်စဉ်(၈၆)သို့ ရုံးအုပ်၊ ဌာနခွဲစာရေးအဆင့်ရှိ သင်တန်းသား(၂၃)ဦး၊ သင်တန်း သူ(၄၅)ဦးတို့က ရက်သတ္တ(၈)ပတ်ကြာ တက်ရောက်ကြမည်ဖြစ်သည်။

 

(သတင်းစဉ်)