ဘိုးအင်း 737 MAX လေယာဉ်ထုတ်လုပ်မှု ဇန်နဝါရီတွင် ရပ်ဆိုင်းမည်

၁၇ ဒီဇင်ဘာ

 

737 MAX ခရီးသည်တင်ဂျက်လေယာဉ် ထုတ်လုပ်မှု ဇန်နဝါရီလ ရပ်ဆိုင်းတော့မည်ဟု ဘိုးအင်း ကုမ္ပဏီက ဆိုသည်။

 

အမေရိကန်ဗဟိုလေကြောင်းညွှန်ကြားမှုအဖွဲ့က ထိုလေယာဉ်ပြန်လည်ပြေးဆွဲနိုင်ရေး မီးစိမ်းပြရန် သတ်မှတ်ရက်မရှိသေးကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့က ပြောကြားခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

မလေးရှား လေကြောင်းလိုင်းသည် ၂၀၁၇ ခုနှစ်တွင် ယင်းလေယာဉ် ပထမဆုံး စတင်ပျံသန်းခဲ့သည်။ အမှာစာများ လက်ခံရရှိမှုအရ 737 MAX လေယာဉ်သည် ၂၀၁၈ ခုနှစ်တွင် ဘိုးအင်းကုမ္ပဏီ၏ ရောင်းအားအကောင်းဆုံးသော လေယာဉ် ဖြစ်သည်။

 

mdn

 

သို့သော်လည်း အင်ဒိုနီးရှားနှင့် အီသီယိုပီးယားနိုင်ငံ တို့တွင် လေယာဉ်ပျက်ကျမှုများ ဖြစ်ပွားခဲ့မှုကြောင့် လူပေါင်း ၃၄၀ ကျော် သေဆုံးခဲ့သည်။ ယင်းအမျိုးအစား လေယာဉ်နှစ်စင်း ဆက်တိုက်ဆိုသလို ပျက်ကျခဲ့ပြီးနောက် ထိုအမျိုးအစားလေယာဉ်ပျံသန်းပြေးဆွဲမှုကို မတ်လအတွင်းမှစတင်ကာ ရပ်ဆိုင်းရန် ဗဟိုလေကြောင်းညွှန်ကြားမှုအဖွဲ့ က ကမ္ဘာအနှံ့ နှိုးဆော်ခဲ့သည်။

 

လက်ရှိ ပြည်တွင်း လေကြောင်းလိုင်းများအနေဖြင့် 737 MAX လေယာဉ်ကို အသုံးပြုခြင်းမရှိဟု ဂျပန်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဆိုသည်။

 

သို့သော်လည်း ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအတွက် လေယာဉ်အစီးရေ ၃၀ အထိတင်သွင်းရန် စီစဉ်ထားကြောင်း နစ်ပွန်အဲယားဝေးစ် အားလုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

mdn

 

လက်ရှိ 737 လေယာဉ်များ အစား MAX ကို ဝယ်ယူရန်စဉ်းစားနေသည်ဟု စကိုင်းမက်ခ် လေကြောင်းလိုင်းများက ဆိုသည်။

 

ဤလေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့၏ အစီအစဉ်များကို ယခုအခါ ပြန်လည်သုံးသပ်ရန် လိုအပ်ဖွယ်ရှိသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

mdn