ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်

ဘိုကလေး      ဇူလိုင်  ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထပ်မံပြန့်ပွား ကူးစက်မှု မရှိစေရေးအတွက် ဇူလိုင် ၃ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ မြို့မဈေးကြီးအနီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးကြီးပတ်ဝန်းကျင်မှ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ မိဘပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တာဆီးရေး လုပ်ငန်းများအကြောင်း အသိပညာပေး ရှင်းလင်းကာ နှာခေါင်းစည်း (Mask)များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားရန် လိုအပ်ကြောင်းနှင့် မကြာခဏ လက်ဆေးရန် လိုအပ်ကြောင်းတို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တွေ့ရှိရသဖြင့် ဘိုကလေးမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသခံယူလျက်ရှိသူ ဖိုးလေးကျေးရွာအုပ်စုမှ နှစ်ဦး၊ ပျဉ်းမကုန်း ကျေးရွာအုပ်စုမှ တစ်ဦးနှင့် ဘိုကလေးမြို့ပေါ် အမှတ်(၅)ရပ်ကွက်မှ တစ်ဦး စုစုပေါင်း လေးဦးရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)