ဘိုကလေးမြို့နယ်တွင် မိုးကြိုးထိမှန်၍ အမျိုးသားတစ်ဉီးသေဆုံး

ဘိုကလေး  ၂၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ပိန္နဲချောင်းဖျား ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်းစွာ ရွာသွန်းချိန်၌ မိုးကြိုးထိမှန်၍ အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ညနေပိုင်း မိုးများသည်းထန်စွာ ရွာသွန်းချိန်၌ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်း ကျေးရွာအုပ်စု၊ ပိန္နဲချောင်းဖျားကျေးရွာနေ ဦးသိန်းလွင် (၄၃)နှစ်သည် ပိန္နဲချောင်းဖျားကျေးရွာ ဆာလမု တမံအနီးသို့ ဟင်းစားရှာဖွေရန် နေအိမ်မှ ထွက်သွားရာ ညနေ(၆)နာရီ မိုးတိတ်ပြီး အချိန်ထိ နေအိမ်သို့ ပြန်လည် ရောက်ရှိခြင်းမရှိသဖြင့် ဇနီးဖြစ်သူမှ သွားရောက်ရှာဖွေရာ ဆာလမု တမံအနီးတွင် ယာဘက် ဦးခေါင်းနှင့် နားထင်တွင် ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားတွင် သွေးယိုစီး၊ ဝဲလက် ဒူးခေါင်း အောက်တွင် ပွန်းပဲ့ဒဏ်ရာ(၃)ချက်ဖြင့် ပက်လက်အနေအထား မိုးကြိုးထိမှန် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားခဲ့သည်။

 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကမကလူရဲစခန်းသို့ သတင်းပေးပို့ခဲ့ကာ ဘိုကလေး မြို့နယ် ကုတင်(၁၀ဝ)ဆေးရုံသို့ ည ၇ နာရီခွဲ ပို့ဆောင်ခဲ့ပြီး ကမကလူရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)