ဘိုင်ဒင်အစိုးရလက်ထက် ပထမဆုံး ရက် ၁၀၀ အတွင်း အမေရိကန်ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၁၀၀ ထိုးပေးမည်

ဝါရှင်တန်၊  ၁၀  ဒီဇင်ဘာ  

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ၎င်း၏အစိုးရသစ်လက်ထက် ရက်ပေါင်း ၁၀၀ အတွင်း  အမေရိကန်ပြည်သူများကို    ကိုဗစ်-၁၉ ကာကွယ် ဆေးသန်း ၁၀၀  ထိုးနှံပေးရန်  ရည်မှန်းထားကြောင်း   နိုင်ငံတကာသတင်း တစ်ရပ်တွင် ဒီဇင်ဘာ ရက်က ဖော်ပြလိုက်သည်။

အစိုးရသစ် တာဝန်ယူမည့် ဇန်နဝါရီ ၂၀ ရက်မှစပြီး ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်မည့်အဖွဲ့တွင်ပါဝင်သည့် ထိပ်တန်းအဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးသည့်    သတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်း အမေရိကန်ရွေးကောက်ခံ သမ္မတ ဘိုင်ဒင်က ဒီဇင်ဘာ ရက်က ပြုလုပ်ခဲ့သည်။

မိမိတို့၏ အလုပ်ကိုပြန်သွားနိုင်ရန်၊ မိမိတို့၏ ပုံမှန်ဘ၀များကို ပြန်သွား နိုင်ရန်နှင့် မိမိတို့၏  ချစ်ခင်သူများဆီပြန်သွားနိုင်ရန် ကိုဗစ်-၁၉ တုံ့ပြန်ရေး ထိပ်တန်းအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပထမဆုံးနေ့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း   အမေရိကန် ရွေးကောက်ခံသမ္မတ  ဂျိုးဘိုင်ဒင်က  ပြောကြားလိုက်သည်။

ဘိုင်ဒင်က ၎င်းသမ္မတတာဝန် ထမ်းဆောင်မည့် ပထမဆုံး ရက် ၁၀၀ အတွင်း အမေရိကန်ပြည်သူများကို   အများပြည်သူနေရာများတွင် ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသည့် အမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိမ့်မည်ဖြစ်သည်။

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး  သန်း  ၁၀၀ ထိုးနှံပေးရန်လည်း   ရည်မှန်းထားကြောင်းနှင့်  သမ္မတအဖြစ်  တာဝန်ထမ်းဆောင်မည့် ပထမဆုံး ရက် ၁၀၀ အတွင်း စာသင်ကျောင်းအများစုကို ပြန်ဖွင့်ရန်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားလိုက်သည်။

အမေရိကန်  ရွေးကောက်ခံသမ္မတက ၎င်း၏သမ္မတအဖြစ်တာဝန်ထမ်း ဆောင်မည့် ပထမဆုံး ရက် ၁၀၀ အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်ပေးနိုင်မည်မဟုတ်ကြောင်း၊ သို့သော်လည်း   ကိုဗစ်-၁၉  ရောဂါကို    ပြောင်းလဲမှုရှိအောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်သူ များ၏  ဘ၀ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။                                                          

အင်န်အိတ်ခ်ျကေ