ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့နှင့် စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၁ ဇန်နဝါရီ

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့နှင့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့ဝင်များ၊ ပြင်ပပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ခံများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲ၌ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာချာလီသန်းက Quality Assurance and Public Service Institutions စာတမ်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်မျိုးသူက Primary of Universal Norms over Particular Norms in International Relations စာတမ်း၊ ရန်ကုန်တက္ကသိုလ်  စိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာနီလာကြူက Domestic Violence in Myanmar စာတမ်း၊ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ဝင်းက The Role of Myanmar Poems in Environmental Aesthetic စာတမ်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာနမ့်ခင်သင်းစုက An Analysis of  the capacity development of faculty members from CICS (Lower Myanmar) စာတမ်း၊ စီမံ/ဘဏ္ဍာဌာနကြီးမှူး ဦးတင်ရွှေက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစာတမ်း၊ စီမံခန့်ခွဲမှုပညာဌာနမှ တာဝန်ခံတွဲဖက် ပါမောက္ခ ဦးသန်းမြင့်ဌေးက Old Public Administration to New Public Management စာတမ်း၊ စီးပွားရေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မင်းမင်းစန်းက Myanmar Sustainable Development Plan (2018-2030) and Micro, Small and Medium Enterprises (MSMEs)in Myanmar စာတမ်းတို့ကို ဖတ်ကြားကြသည်။


ထိုသို့ စာတမ်းဖတ်ပွဲ ကျင်းပရခြင်းသည် သင်ကြားပို့ချသူဆရာများ၏ ပို့ချမှုအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ပို့ချမှုနည်းစနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားမှုနှင့် သက်ဆိုင်သည့် စာတမ်းများကို ဖတ်ကြားကြခြင်းဖြစ်သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၏ (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ကြားပွဲကို ဇန်နဝါရီ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

(သတင်းစဉ်)