ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပွဲပြိုင်ပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ရေးပြကွင်း၌ Myanmar Fitness Dance ပြုလုပ်ကာ စစ်ရေးပြကွင်းမှ ဗဟိုဝန်ထမ်း တက္ကသိုလ်မုခ်ဦးအထိ ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော် ဦးဆောင်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စစ်ရေးပြကွင်းတွင် သင်တန်းသား/ သင်တန်းသူများအား အကြော်နှင့် ကောက်ညှင်းပေါင်းများ ကျွေးမွေးခဲ့သည်။

 

ထို့နောက် လွန်ဆွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမျိုးသားဆောင်များဖြစ်သည့် သံလွင်ဆောင်နှင့် ချင်းတွင်းဆောင်တို့ ယှဉ်ပြိုင်ကြရာ သံလွင်ဆောင်မှ အနိုင်ရရှိခဲ့ပြီး အမျိုးသမီးဆောင်များဖြစ်သည့် စပယ်ဆောင်နှင့် ကံ့ကော်ဆောင်တို့ ယှဉ်ပြိုင်ကစားကြရာ စံပယ်ဆောင်မှ အနိုင်ရရှိသွားခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ဆုရရှိသော အသင်းများအား ဗဟိုဝန်ထမ်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် အကြီးအမှူးများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဆုတံဆိပ်များနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ ဒုတိယပါမောက္ခချုပ်နှင့် အကြီးအမှူးများ၊ တာဝန်ရှိသူများ၊ ခရိုင် အား/ကာမှ တာဝန်ရှိသူများ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း အင်အား ၁၅၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)