ဘန်အက်ဖ်လက်ခ်နဲ့ လက်တွဲကာ တွေ့ရတဲ့ ဂျနီဖာလိုပက်ဇ်

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ်ဟာ သူနဲ့ စေ့စပ်ထားသူ အဲလက်ဇ်ရိုဒရီဂွက်ဇ်နဲ့ လမ်းခွဲခဲ့တာ သုံးလကျော်ရှိခဲ့ပါပြီ။ အဲဒီအချိန်အတွင်းမှာ သူဟာ တစ်ချိန်က ချစ်သူတွေအဖြစ် လက်တွဲခဲ့ဖူးသူ မင်းသား ဘန်အက်ဖ်လက်ခ်နဲ့ ပြန်လည်လက်တွဲခဲ့ပါတယ်။ လတ်တလောမှာလည်း သူတို့နှစ်ဦး အတူအလည်အပတ်ထွက်ခဲ့ကြတာကို တွေ့ရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တေးသံရှင် ဂျနီဖာလိုပက်ဇ်ဟာ ချစ်သူဟောင်း ဘန်အက်ဖ်လက်ခ်နဲ့ ပြန်လည်လက်တွဲခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိအချိန်တွေဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေ ဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အက်ပဲလ်တေးဂီတနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဂျနီဖာလိုပက်ဇ်က အထက်ပါအတိုင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အေးပြည့်