ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူလှိုင်းဖြတ်မှုကြောင့် ၁၀ ဦးသေဆုံး

ဧပြီ ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူလှိုင်းများဖြတ်သန်းချိန် အပူချိန်မြင့်မားမှုကြောင့် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့က ယနေ့တွင် အတည်ပြုပြောကြားသည်။ မကြာသေးမီနှစ်များအတွင်း အပူလှိုင်း ဘင်္ဂလားဒေ့ရှ်သည် မကြာသေးမီနှစ်များအတွင်း အပြင်းထန်ဆုံး အပူလှိုင်းများအနက် တစ်ခုနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်မားမှုကြောင့် မူလတန်းနှင့်အလယ်တန်းစာသင်ကျောင်းများကို မေ ၂ ရက်နေ့အထိ ပိတ်ထားရန် ဧပြီ ၂၉ ရက်က ညွှန်ကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို