ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖေဖော်ဝါရီလအတွင်းဖြစ်ပွားခဲ့သောယာဉ်မတော်တဆမှုများကြောင့် ၅၉၉ ဦး သေဆုံး၊ ၁၀၉၉ ဦး ဒဏ်ရာရ

မတ် ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ကုန်းလမ်း၊ ရေကြောင်းလမ်းနှင့်  ရထားလမ်းများတွင် မတော်တဆဖြစ်ပွားမှု ၅၄၆ ခုရှိရာ လူပေါင်း ၅၉၉ ဦးသေဆုံးပြီး အခြား ၁၀၉၉ ဦးဒဏ်ရာရရှိကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကာလအတွင်း မော်တော်ယာဉ်မတော်တဆမှုပေါင်း ၅၀၃ ခုဖြစ်ပွားခဲ့ရာ ၅၅၅ ဦးသေဆုံးပြီး ၁၀၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ရထားလမ်းနှင့်ဆက်စပ်ဖြစ်ပွားသည့်မတော်တဆမှုများတွင် ၃၇ ဦးသေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုလအတွင်းဖြစ်ပွားသော ရေကြောင်းလမ်းမတော်တဆမှုများတွင် ခုနစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို