ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၂၂၉၅၀ဝ  ဖမ်းဆီးရမိ

နေပြည်တော် ၁၁  ဇွန်

 

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီးဇီးပင်ချောင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၂ ဦးထံမှ စိတ်ကြွဆေးပြား ၂ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ် နှစ်နိုင်ငံနယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဇွန် ၁၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှကင်းလှည့် ရေယာဉ်ဖြင့် လှည့်ကင်း ဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေတစ်စီးအား တွေ့ရှိပြီး  ဖမ်းဆီးခဲ့ရာလှေပေါ်တွင် လဘာရှေးရာဒုက္ခသည်စခန်း၊ တက္ကနဖ့်မြို့နယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နေဂျဟတ်တူဆောင်း၊ (ဖ)ရော်ရှီတာမောက်နှင့် ဂျဘူရာမန်၊ (ဖ)မာမောက်ဟူဆိန်းတို့အား ဆာလာအိတ်(၂) အိတ်ဖြင့်ထည့်လျက် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၂၂၉၅၀ဝ  [ (၁ ပြား လျှင် (၂၀ဝ၀) ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ်သိန်း (၄၅၉၀) ] အား သိမ်းဆည်းရမိခဲ့သဖြင့်  အမှုဖွင့် အရေးယူ ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 

(သတင်းစဉ်)